မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / October 01, 2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့် ကင်းဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး စွယ်တော်ဘုရားအနောက်ဘက်မုခ်အရောက်၌ လမ်းလျှောက်လာသည့် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာနေ သန်းစိုး(၃၂)နှစ်နှင့် အောင်မိုး(၂၃)နှစ်တို့အား စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးထံမှ အရိုး/အသွား ၂၆ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းနှင့် အရိုး/အသွား ၁၈ လက်မခွဲခန့်ရှိ ဓားဦးချွန် တစ်ချောင်းတို့အား တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သဖြင့် သန်းစိုးနှင့် အောင်မိုးတို့ နှစ်ဦးအား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၁၄၅/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,