မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနေမှုတို့အား ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနေမှုတို့အား ကြည့်ရှုစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / October 04, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီ၌ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဈေးချိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် ပြည်သူများမှမဲဆန္ဒရှင်စာရင်းများ လာရောက် ကြည့်ရှုနေမှုတို့အား တံတားဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
