မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ရတနာပုံတက္ကသိုလ် (၂၀) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ပညာရေးအထောက်အကူပြု နည်းပညာပြပွဲနှင့် ဟောပြောပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ရတနာပုံတက္ကသိုလ် (၂၀) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ပညာရေးအထောက်အကူပြု နည်းပညာပြပွဲနှင့် ဟောပြောပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်


Ministry of Information/ မန္တလေးတိုင်းဒေသကြီး / February 21, 2020
image_latest


မန္တလေး ဖေဖော်ဝါရီလ ၂၁

ရတနာပုံတက္ကသိုလ် (၂၀) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ပညာရေးအထောက်အကူပြု နည်းပညာပြပွဲ၊ ဟောပြောပွဲဖွင့်ပွဲနှင့် ဘာသာရပ်ပေါင်းစုံ စျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် မျက်နှာစာရှေ့တွင် ကျင်းပသည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးကအဖွင့်အမှာစကားနှင့် ပါမောက္ခချုပ် က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရပ်အသီးသီးတွင် ထူးချွန်ဆုရရှိခဲ့သူများ၊ နိုင်ငံဂုဏ်ဆောင်အားကစားဆုရရှိသူများ၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ (အင်္ဂလိပ်၊မြန်မာ)နှင့် ဂျပန်းစကားပြောပြိုင်ပွဲများမှ ဆုရရှိသူများနှင့် ရတနာပုံတက္ကသိုလ် အနှစ်(၂၀)မြောက် နှစ်ပတ်လည် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် သုတေသန စာတမ်းဖတ်ကြားသော စာတမ်းရှင်များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီးနောက် ပြပွဲတွင် ပြသထားသော ပညာရေးအထောက်အကူပြု နည်းပညာပြခန်းများ၊ ဘာသာရပ်ဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။

ရတနာပုံတက္ကသိုလ်သည် အထက်မြန်မာပြည် လူ့စွမ်းအားအရင်းမြစ်များရှင်သန်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ တက္ကသိုလ်အဆင့်တိုးမြှင့်ခဲ့ပြီး ဇွန်လ ၂၇ရက်နေ့မှစ၍ အထူးပြုဘာသာရပ် ၁၈ ခု သင်ကြားပို့ချ ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၄၈၀၀ ကျော် သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် အထူးပြုဘာသာရပ် ၂၅ခု ကို သင်ကြားပို့ချပေးလျက်ရှိရာ နေ့ကျောင်းသား၊ ကျောင်းသူ ၂၃၀၀၀ကျော်နှင့် အဝေးသင်ကျောင်းသား၊ ကျောင်းသူ ၄၀၀၀၀ကျော် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်

HOT NEWS
January 4,