မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာ အပိုင်း(၁) ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်နေမှု ကွင်းဆင်း

မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာ အပိုင်း(၁) ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်နေမှု ကွင်းဆင်း


Ministry of Cooperatives and Rural Development/ Naypyitaw / January 23, 2025
image_latest


မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာ အပိုင်း(၁) ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်နေမှု ကွင်းဆင်း

မိုင်းဖြတ် ဇန်နဝါရီ ၂၃

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်၍၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင်  အိုက်ရီ(ပါခုံ) ကျေးရွာ  အပိုင်း(၁) ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို   ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ များက အိုက်ရီ(ပါခုံ) အပိုင်း(၁) ၊ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          မိုင်းဖြတ် မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာ၌ အရှည် ၁ မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ၉ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို   ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၃ ဒသမ ၄ သန်း ဖြင့် ရွှေကန်ညီအကို  ကုမ္ပဏီမှ ယခု နှစ် ဇွန် လ ၃၀ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ   ၉၀ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း  မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခင်မေလွင်  ထံမှ သိရှိရသည်။

             ဇင်မာ