မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ အထွက်တိုးမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ အထွက်တိုးမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / May 29, 2025
image_latest


သန်လျင်  မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုရုံး၌ မိုးစပါး စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ အထွက်တိုးမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးက မိုးစပါးစိုက်တောင်သူများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် အထွက်တိုးမျိုးစပါးများကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာ မှန်ကန်မှုရရှိစေရေးနှင့် Seeder စနစ်ဖြင့် စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးနှင့် အသင်းစုဥက္ကဋ္ဌ ဦးဇော်ဝင်းတို့က အထွက်တိုးမျိုးစပါးများကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်တွင် သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရယူဆောင်ရွက် သည့် အသင်း(၁၁)သင်းရှိပြီး အသင်းသား၃၅၈ဦး၏ လယ်ဧက(၃၀၅၀)ဧကရှိသည့် အနက်  အထွက်တိုးမိုးစပါးစိုက်ပျိုးမည့် အသင်းသားများအား အထွက်တိုးမျိုးစပါးပေးအပ်ခြင်း ဖြစ် ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး