မိုးစပါးပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သမဝါယမအသင်းသားတောင်သူများသို့ စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

မိုးစပါးပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သမဝါယမအသင်းသားတောင်သူများသို့ စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်


Ministry of Information/ Naypyitaw / May 19, 2025
image_latest


နေပြည်တော် မေ ၁၈

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် ပျဉ်းမနားမြို့နယ် ပြူတွင်းကျေးရွာရှိ ဓမ္မာရုံ၌ သမဝါယမအသင်းလေးသင်းမှ အသင်းသား တောင်သူ ၃၁ ဦး၊ ဌာနဝန်ထမ်း ၁၅ ဦး၊ မြောက်လွတ်ကုန်းကျေးရွာရှိဓမ္မာရုံ၌ သမဝါယမအသင်းသုံးသင်းမှ အသင်းသား တောင်သူ ၄၀ တို့အား မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့် တက်ရောက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေး၊ စားရေရိက္ခာဖူလုံစေရေးတို့အတွက် စိုက်ပျိုးသောသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရန် “မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်သူအသိပညာပေးပွဲများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သွင်းအားစုများကိုလည်း စနစ်တကျအသုံးပြုရန် လိုအပ်ကြောင်း၊ ကြဲပက်စနစ်ထက် Seeder ၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးပါက ပို၍ကောင်းမွန်ကြောင်း၊ သမဝါယမ ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးအသင်းသား တောင်သူများ၏ လယ်ယာမြေများအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ Seeder များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများက လိုအပ်ချက်များအား တင်ပြပေးကြပါရန်နှင့် ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနကလည်း စိုက်ပျိုးနည်းပညာများကို ဆွေးနွေးပေးခြင်း၊ “AI Application” နည်းပညာ Software ကို တက်ရောက်လာသည့် အသင်းသားတောင်သူများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးခြင်းနှင့် အသုံးပြုပုံများကို ရှင်းလင်းပြောကြား ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမ အသင်းသား တောင်သူများကလည်း ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများ၊ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူးသည် ငကောင်းကံကျေးရွာ ငကောင်းကံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား ဦးကျော်လွင်၏ အောင်နိုင်တိုးစပါးမျိုး စိုက်ဧက ၁၀ ဧက နွေစပါးစိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,