မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းစစ်ဆေး

မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / January 09, 2024
image_latest


                  ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မိုးညှင်းမြို့နယ် အင်ကြင်းကုန်း ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများက ဇန်နဝါရီလ ၇ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့စစ်ဆေးရာတွင် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အိသဉ္ဇာကျော်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၃ဝ ဒသမ ၃ဝဝ သန်းဖြင့် ဆောင်ရွက်သည့် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို သတ်မှတ်စံချိန်စံညွှန်း အတိုင်းအတာပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေးကြပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

               မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်း ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းသည် အရှည် ၃ဝ၈၄ ပေ၊ အကျယ် ၁၆ ပေ၊ ထု ခုနစ်လက်မရှိပြီး မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနေ ပြည်သူများ ရာသီမရွေးအဆင်ပြေစွာ သွားလာအသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ဒေသမှထွက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း မြို့ပေါ်ဈေးကွက်အရောက် တင်ပို့ရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)