မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှု
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှု
Office of the Auditor General of the Union/ NPT / March 26, 2026
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ : ၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများ၊ မီးလောင်မှုဖြစ်စေသည့် အဓိက အကြောင်းအရာများနှင့် လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဇင်မာလွင်က မီးဘေးလုံခြုံရေး နှင့်စပ်လျဥ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့သော မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရုံးဝင်းစားသောက်ဆိုင်ရှေ့ မြေကွက်လပ်၌ ဥတ္တရခရိုင်နှင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင် (၆) ဦးတို့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မီးငြှိမ်းသတ်ရေးအဖွဲ့၊ ဆက်သွယ်ရေးအဖွဲ့၊ ပစ္စည်းသယ်ယူရွေ့ပြောင်းရေး၊ ကယ်ဆယ်ရွှေ့ထုတ်ရေးနှင့် ရှေးဦးသူနာပြုစုရေးအဖွဲ့၊ မီးသတ်ယာဥ်/စက်များအတွက် ရေရရှိအောင်ဆောင်ရွက်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
