မီးသတ်ဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့မှ သောက်သုံးရေလိုအပ်လျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု
မီးသတ်ဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့မှ သောက်သုံးရေလိုအပ်လျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု
Ministry of Home Affairs/ နေပြည်တော် / May 21, 2024
မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။
ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ်၊ မေ ၁၉ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ရေနံချောင်းမြို့နယ်၊ အေးကုန်းရပ်ကွက်ရှိ အိမ်ထောင်စုများသို့ ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေ ဂါလန် ၁၆၀၀၊ သရက်မြို့နယ်၊ စက်တောင်ကျေးရွာရှိ အိမ်ထောင်စုများသို့ သရက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေဂါလန် ၁၆၀၀ တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော မြောင်းမြမြို့နယ်၊ စမ်းချောင်းကလေးကျေးရွာရှိ အိမ်ထောင်စုများသို့ မြောင်းမြမြို့နယ်မီးသတ် စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေ ဂါလန် ၁၆၀၀၊ လပွတ္တာမြို့နယ်၊ ဂန့်အိပ်ကျေးရွာရှိအိမ်ထောင်စုများသို့ လပွတ္တာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေဂါလန် ၁၆၀၀၊ ဒေးဒရဲမြို့နယ်၊ သံဒိတ်ကျေးရွာရှိ အိမ်ထောင်စုများသို့ ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေဂါလန် ၂၄၀၀ တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။