မီးသတ်ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့မှ သောက်သုံးရေလိုအပ်လျက်ရှိသော ဘုန်းကြီးကျောင်းများနှင့် သဲချောင်းကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု

မီးသတ်ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့မှ သောက်သုံးရေလိုအပ်လျက်ရှိသော ဘုန်းကြီးကျောင်းများနှင့် သဲချောင်းကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု


Ministry of Home Affairs/ နေပြည်တော် / May 24, 2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္နရကျေးရွာအနီး၊ မရှိခဏတောင်ပေါ်ရှိ ရွှေညောင်ဂူကျောင်းတိုက်သို့ သောက်သုံးရေလှူဒါန်းမှု။


     မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။

     ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ဝသုန္နရကျေးရွာအနီး၊ မရှိခဏတောင်ပေါ်ရှိ ရွှေညောင်ဂူကျောင်းတိုက်နှင့် မရှိခဏမူလပထမရတနာအောင်ကျောင်းတိုက်သို့ မတ္တရာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ်နှစ်စီးဖြင့် ရေဂါလန် ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

     အလားတူ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ငပုတောမြို့နယ်၊ သဲချောင်းကျေးရွာရှိ အိမ်ထောင်စုများသို့ ငပုတောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလန် ၂၄၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။