မုဒုံမြို့နယ် ကော့ပရံ-တံခွန်တိုင်လမ်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
မုဒုံမြို့နယ် ကော့ပရံ-တံခွန်တိုင်လမ်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 22, 2025

မုဒုံ မတ် ၂၁
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့် ကော့ပရံ-တံခွန်တိုင် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မတ်လတတိယအပတ်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထို့နောက် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများကကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေများဖြင့် ကျေးလက်နေပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ကတ္တရာလမ်း လေးလမ်း၊ မြေသားလမ်း တစ်လမ်း၊ ကွန်ကရစ်တံတား သုံးစင်း၊ Box Culvert တစ်စင်းတို့အား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)