မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာအဝင် (စံပ္ပာယ်)လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာအဝင် (စံပ္ပာယ်)လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / September 15, 2025
မုဒုံ စက်တင်ဘာ ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တံခွန်တိုင်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်က ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိ သူများက စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါလမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေပေါင်း ၁၂၆၀ နှင့် အကျိုးပြုလူဦးရေ ၅၃၂၃ ဦးတို့ ရာသီမရွေးသွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)
