မောက်မယ်မြို့နယ်၌ “ငွေလမင်း” အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ်အတိုးများ ထုတ်ပေး

မောက်မယ်မြို့နယ်၌ “ငွေလမင်း” အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ်အတိုးများ ထုတ်ပေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 07, 2024
image_latest


မောက်မယ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် “ငွေလမင်း” အစိုးရ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ ခုနှစ်ဧပြီလမှ စက်တင်ဘာ လအထိ ၆ လအတွက် ဝန်ထမ်းများအား စုဆောင်းငွေအပေါ်အတိုးများထုတ်ပေးခြင်းကို အောက်တိုဘာ ၄ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ထုတ်ပေးခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး “ငွေလမင်း”အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေး က “ငွေလမင်း” အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ဝန်ထမ်းများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေးရခြင်းအကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်အတွင်းရှိ “ငွေလမင်း” အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများ ဝန်ထမ်း ပေါင်း ၄၂၀ ဦးအတွက် စုဆောင်းငွေအတိုးများအား အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)

ဦးစီးဌာန(ရုံးချုပ်)