မောက်မယ်မြို့နယ်၌ မောက်မယ် - ရွာသစ် ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

မောက်မယ်မြို့နယ်၌ မောက်မယ် - ရွာသစ် ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / January 21, 2025
image_latest


လင်းခေး ဇန်နဝါရီ ၁၈

            ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် စဉ့်ဝင်ကျေးရွာအုပ်စု မောက်မယ် - ရွာသစ် ကျေးရွာလမ်းအား ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာ လင်းခေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဆွေဆွေနွယ်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့သည် မောက်မယ် - ရွာသစ် ကျေးရွာသွားလမ်း အရှည် ငါး ဖာလုံ၊ အကျယ် ၁၆ပေ၊ ဒု ၁၄ လက်မရှိ ကျောက်ချာလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

            အဆိုပါ မောက်မယ်-ရွာသစ် ကျေးရွာလမ်းကို ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံ ငွေကျပ် ၁၄၀ ဒသမ ၈၄ သန်းဖြင့် တင်ဒါအောင်မြင်သည့် ခရမ်းချယ်ရီကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ .

မောင်ခိုင်

HOT NEWS
January 4,