မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်တံတား အကောင်အထည်ဖော်ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်တံတား အကောင်အထည်ဖော်ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / March 18, 2025
image_latest


မော်လမြိုင်ကျွန်း မတ် ၁၆

               ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်တံတားများ တည်ဆောက်ခြင်းလုပ်ငန်းကို မတ် ၁၅ ရက် ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဧရာဝတီတိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ လပွတ္တာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မို့မို့သန့်နှင့် လမ်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့က ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။

            အဆိုပါ တံတားများမှာ ဘုရားစုကျေးရွာမှ မော်လမြိုင်ကျွန်းနှင့် ဝါးခယ်မကားလမ်းမကြီးအထိ ဆက်သွယ်ထားရာ အလျားပေ ၃၀၊ အကျယ်ပေ ၂၀၊ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း ငွေကျပ် သန်း ၁၅၀ နှင့် အလျားပေ ၁၅၀၊ အကျယ်ပေ ၂၀ ကွန်ကရစ်တံတားတစ်စင်း ပထမပိုင်း တည်ဆောက်ခြင်း ငွေကျပ် ၁၈၂ သန်း စုစုပေါင်း ၃၃၂သန်း ကုန်ကျကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

HOT NEWS
January 4,