မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်(မာလာဝင်း)၊ တောင်ရိုးတန်းလမ်းရှိ အ.ထ.က(၅)ကျောင်း၏ အုတ်တံတိုင်း ပြိုကျမှု

မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်(မာလာဝင်း)၊ တောင်ရိုးတန်းလမ်းရှိ အ.ထ.က(၅)ကျောင်း၏ အုတ်တံတိုင်း ပြိုကျမှု


Ministry of Home Affairs/ နေပြည်တော် / July 25, 2022


မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်(မာလာဝင်း)တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ ၀၉ ၃၀ အချိန်ခန့်က တောင်ရိုးတန်းလမ်းရှိ အ.ထ.က(၅)ကျောင်း၏ ညာဘက်အုတ်တံတိုင်း အရှည်(၅၀)ပေ၊ အမြင့်(၁၂)ပေခန့် ပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ် ၂ စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၅ ၄၅ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ခန်း(၇)ခန်း ပိမိခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံး၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရသူ(မစိုးရိမ်ရ)၊ အမျိုးသား ၁ ဦးတို့အား လူမှုကယ်ဆယ်ရေးအသင်းများမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။