မြင်းခြံမြို့နယ်၌ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၍ ပျံလွန်တော်မူ

မြင်းခြံမြို့နယ်၌ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၍ ပျံလွန်တော်မူ


Ministry of Home Affairs/ နေပြည်တော် / July 15, 2023


     အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အတွင်း အကြမ်းဖက်မှုအဖျက်အမှောင့်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

     ထိုသို့ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာအရှေ့ဘက်ပိုင်းရှိ စိတ္တသုခဘုန်းကြီးကျောင်း၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ စိတ္တသုခဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဆရာတော် ဦးပညာသာမိ (ခ)ဦးမျိုးသန့်(၄၅)နှစ် (၂၅)ဝါ (ဘ)ဦးအောင်မောင်းသည် ဘုန်းကြီးကျောင်း၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်သွားကာ ဘုန်းကြီးကျောင်း၏ မြောက်ဘက် ပေ ၅၀ ခန့်အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဆရာတော် ဦးပညာသာမိ (ခ)ဦးမျိုးသန့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထိုသို့ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၇၆ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်မှ သံဃာတော်တစ်ပါးအား ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်းပိတ်ဆို့စုံစမ်းရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,