မြင်းမူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး
မြင်းမူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / June 09, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော NUG ၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော်အစိုးရမှ ပညာရေးနောက်ကျမှုမရှိစေရန်အတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေပညာသင်ကြားခြင်းများ ဆောင်ရွက်ပေးနေမှုအပေါ် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူနိုင်ရေး အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန် ပညာရေးဆိုင်ရာအဆောက်အဦများအား လက်နက်ကြီးများ၊ Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းများအပြင် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ အမှတ်(၁)နယ်မြေ၊ အောင်ဇေယျာရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းအနီးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂ ဦး (စိစစ်ဆဲ)က ဗိုလ်ချုပ်ပန်းခြံလမ်းအတိုင်း ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်၍ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကျောင်းဝင်းအတွင်းရှိ မြေကွက်လပ်ပေါ်သို့ လက်လုပ်ဗုံး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အပေါ်ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းရရှိသည်။