မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / March 17, 2025
image_latest


ကြို့ပင်ကောက် မတ် ၁‌‌၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြို့ပင်ကောက်မြို့နယ်၊ ဂုမ္မကွင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ ဂုမ္မကွင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစားကုန်ထုတ်လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲ စာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက် မှာကြားပါသည်။

အဆိုပါ ဂုမ္မကွင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဌမနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူစုစုပေါင်း အသင်းသား ၁၀‌‌၂ ဦးကို  ငွေကျပ်သိန်း ၄၈၆ သိန်း ထုတ်ချေးပေးထားကြောင်း ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်ထံမှ သိရသည်။

 

သန်းလွင်(မကွေး)

HOT NEWS
January 4,