မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 03, 2023
image_latest


ဝမ်းတွင်း အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး ၊ မွေးမြူးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ ခံတောကျေးရွာတွင်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍     ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၀)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃၁)ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(၂)ဦး တို့အတွက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ၄၇ ဒဿမ ၀သန်းကို ထုတ်ချေးပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင်အောင်သာကျေးရွာတွင် ၂၀၂၀-၂၀၂၁mini ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၂)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၇)ဦး တို့အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ    ၃၂ ဒဿမ ၁သန်း ကို ထုတ်ချေးပေး ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ခံတောကျေးရွာ နှင့် အောင်သာ ကျေးရွာများရှိ စီမံကိန်းလုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းမှုပုံစံများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။