မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Ministry of Labour/ ရုံးအမှတ် (၅၁) / November 22, 2024
နေပြည်တော် နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁) အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တက်ရောက် အမှာစကားပြော ကြားခဲ့သည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ နှင့်တာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင်ကလေးအလုပ်သမား ပပျောက်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့နှင့် လုပ်ငန်းကော်မတီ (၈)ရပ်ကို ဖွဲ့စည်းကာ အမျိုးသားအဆင့်ပထမငါးနှစ် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ခုနှစ်) အထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားအဆင့် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကိုလည်း မူလရည်မှန်းချက် (၆) ရပ်အပေါ်အခြေခံ၍ စက်မှုကုန်ထုတ် ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ကဏ္ဍတို့တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
အမျိုးသားအဆင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီ အနေဖြင့် မူလလုပ်ငန်းတာဝန် (၁၉) ရပ်အပြင် လုပ်ငန်းတာဝန် (၂) ရပ် ထပ်မံဖြည့်စွက် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် အမျိုးသား ကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ် ကြောင်းနှင့် နေပြည် တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များတွင်လည်း ပြန်လည်ဖြည့်စွက်သတ်မှတ်ရန် လိုအပ်ကြောင်း၊
အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ယခင် ပထမငါးနှစ် စီမံချက်ကာလ အတွင်း ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်၍ ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) အား ပိုမိုထိရောက် အောင်မြင်စေရေး ဆက်လက် အကောင်အထည်ဖော်သွားရန်လိုကြောင်းနှင့် မြန်မာနိုင်ငံ ကလေးအလုပ် သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ရယူနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးအကြံပြု ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် များမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြကြရာ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင်က တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။