မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီးအဖြစ် မစ္စတာ မာရီယို ဟိုဆေး အာမန်ဂိုလ် ကမ်းပို့စ် အား ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီးအဖြစ် မစ္စတာ မာရီယို ဟိုဆေး အာမန်ဂိုလ် ကမ်းပို့စ် အား ခန့်အပ်


Ministry of Information/ Naypyitaw / March 19, 2025
image_latest


နေပြည်တော် မတ် ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါသံအမတ်ကြီးအဖြစ် မစ္စတာ မာရီယို ဟိုဆေး အာမန်ဂိုလ် ကမ်းပို့စ် အား ခန့်အပ်ရန် နီကာရာဂွါသမ္မတနိုင်ငံအစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

မစ္စတာ မာရီယို ဟိုဆေး အာမန်ဂိုလ် ကမ်းပို့စ် အား ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် နီကာရာဂွါသမ္မတနိုင်ငံ ချွန်တာလက်စ်မြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် နီကာရာဂွါ သမ္မတနိုင်ငံ မာနာဂွါမြို့ရှိ နီကာရာဂွါအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်မှ သံတမန်ရေးရာနှင့် နိုင်ငံရေးရာသိပ္ပံဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း၊ လူမှုဗေဒနှင့်ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ကို ၂၀၂၂ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့ပါသည်။ ၎င်းသည် ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် မေလအထိ ဒိုမီနီကန်သမ္မတနိုင်ငံဆိုင်ရာ နီကာရာဂွါသံရုံး၌ သံရုံးယာယီတာဝန်ခံနှင့် သံမှူးကြီးအဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်မှ ယနေ့အထိ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါသံအမတ်ကြီးနှင့် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံဆိုင်ရာ ပူးတွဲတာဝန်ယူဆောင်ရွက်သည့် နီကာရာဂွါ သံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

သတင်းစဉ်

HOT NEWS
January 4,