မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ


Ministry of Information/ Naypyitaw / June 19, 2025
image_latest


နေပြည်တော် ဇွန် ၁၉

ကပ္ပတိန် (ရေတပ်အငြိမ်းစား) ဖြစ်သူ ဟာဂျီ မိုဟာမက်ဆာရစ် ပူဒင်ဘင်မက်ဆရူဒင်အား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အစိုးရ၏အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

မဟာသိပ္ပံဘွဲ့ရရှိ

ကပ္ပတိန် (ရေတပ်အငြိမ်းစား) ဟာဂျီ မိုဟာမက် ဆာရစ် ပူဒင်ဘင် မက်ဆရူဒင်ကို ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၌မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ ဟာ့ဖို့ဒ်ရှိုင်းယားတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Bangladesh University of Professionals မှ စစ်ဘက်ရေးရာလေ့လာမှု မဟာသိပ္ပံဘွဲ့ရရှိခဲ့သည်။

စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့

တော်ဝင်ဘရူနိုင်းတပ်မတော်(ရေ)တွင် တာဝန်ထမ်းဆောင်စဉ် ကပ္ပတိန်ဟာဂျီ မိုဟာမက် ဆာရစ်ပူဒင်ဘင် မက်ဆရူဒင်သည် ၁၉၉၇ ခုနှစ်တွင် အလုပ်သင် အရာရှိလောင်းအဆင့်မှစတင်၍ ၂၀၂၄ ခုနှစ်တွင် တော်ဝင်ဘရူနိုင်းတပ်မတော် (ရေ) ယာယီဗိုလ်မှူးကြီး အဆင့်အထိ အဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ၎င်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ စစ်သံရုံးတွင် စစ်သံမှူးအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သတင်းစဉ်