မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အာဆီယံဘဏ်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အာဆီယံဘဏ်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / November 14, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ အာဆီယံဘဏ်များအသင်း အထွေထွေ အတွင်းရေးမှူး Mr. Paul C.G.Gwee၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးနှင့်အဖွဲ့တို့ကို လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်တွင် (၅၃) ကြိမ်မြောက် ASEAN Banking Council အစည်းအဝေးနှင့် (၂၄) ကြိမ်မြောက် ASEAN Banking Conference တို့ကို မြန်မာနိုင်ငံဘဏ်များ အသင်းအနေဖြင့် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် အလှည့်ကျလက်ခံကျင်းပရေးကိစ္စ၊ ASEAN နိုင်ငံဘဏ်များအကြား လက်ရှိစီးပွားရေးနှင့် ဘဏ်လုပ်ငန်းများအခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်