မြန်မာနိုင်ငံ၏ ကျန်းမာရေးအညွှန်းကိန်းများ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ရန်လို လိုအပ်သော ဆေးဝါးများနှင့် ခေတ်မီဆေးပစ္စည်းကိရိယာများကို ဖြည့်ဆည်းပေးလျက်ရှိ
မြန်မာနိုင်ငံ၏ ကျန်းမာရေးအညွှန်းကိန်းများ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ရန်လို လိုအပ်သော ဆေးဝါးများနှင့် ခေတ်မီဆေးပစ္စည်းကိရိယာများကို ဖြည့်ဆည်းပေးလျက်ရှိ
Ministry of Information/ Naypyitaw / August 07, 2025

နေပြည်တော် ဩဂုတ် ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆေး နှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆေးရုံအုပ်ကြီးများ၊ ဌာနမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပါမောက္ခချုပ်များအနေဖြင့် University Ranking တက်စေရေး အစဉ်တစိုက် ကြိုပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သင်ရိုးညွှန်းတမ်းများ တိုးတက်ကောင်းမွန်လာစေရေးအတွက် KG+12 စနစ်နှင့် လိုက်လျောညီထွေရှိစွာ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကြီးများကို ပြည်သူလူထု အားကိုးယုံကြည်မှုမြင့်မားလာပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးအညွှန်းကိန်းများ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လိုအပ်သောဆေးဝါးများနှင့် ခေတ်မီဆေးပစ္စည်းကိရိယာများကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ လူနာများ၏ စိုက်ထုတ်ကုန်ကျစရိတ်များကိုလည်း များစွာလျှော့ချနိုင်ခဲ့ကြောင်း၊ ပြည်သူလူထု စိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး ကြိုပမ်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကုသရေးနှင့် ဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးပြည့်မီစေရေးနှင့် Clinical Skills များသာမက Communica-tion Skills များ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာများ တိုးတက်စေရန်နှင့် မျိုးဆက်သစ်များကို လူကောင်းလူတော်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ပါမောက္ခများက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်