မြန်မာနိုင်ငံ “စီးပွားရေးပညာရပ်သင်ကြားမှု နှစ် (၁၀၀)” ရာပြည့် အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်

မြန်မာနိုင်ငံ “စီးပွားရေးပညာရပ်သင်ကြားမှု နှစ် (၁၀၀)” ရာပြည့် အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်


Ministry of Information/ Naypyitaw / October 13, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၂

မြန်မာနိုင်ငံ “စီးပွားရေးပညာရပ် (Economics) သင်ကြားမှု နှစ် (၁၀၀)” ရာပြည့်အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံစီးပွားရေးပညာရပ် (Economics) သင်ကြားမှု (၁၉၂၄-၂၀၂၄) နှစ် (၁၀၀) ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ကျင်းပပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တက်ရောက်၍ မြန်မာနိုင်ငံ “စီးပွားရေးပညာရပ် (Eco-nomics) သင်ကြားမှု နှစ်(၁၀၀)” ရာပြည့်အခမ်းအနားတွင် စာတမ်းဖတ်ပွဲများ၊ ပြခန်းများထည့်သွင်း၍ နှစ်ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ စာတမ်းများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်‌ရေး၊ တည်ဆောက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ အရည်အသွေးပြည့်မီသော၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အထောက်အကူပြုနိုင်သောစာတမ်းများဖြစ်စေ ရေးဆောင်ရွက်ပေးကြရန် စာတမ်းရှင်များကို တိုက်တွန်းပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ပညာရပ်သင်ကြားခဲ့မှုသည် ၂၀၂၄ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း၊ စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို “စီးပွားရေးပညာ နှစ်(၁၀၀)၊ ပြည်သူ့အကျိုးတို့ သယ်ပိုး ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်