မြန်မာနိုင်ငံ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်


Ministry of Industry/ Ministry of Industry / January 31, 2023


နေပြည်တော်၊ ဇန်နဝါရီ (၂၀)
    မြန်မာနိုင်ငံ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြု လုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာန မှ အရာထမ်းများ တက်ရောက်သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများကို သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များ ပြုလုပ်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် အောင်မြင်စွာဦးဆောင်လုပ်ပြနိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည် များ၊ ကိုယ်စွမ်းကိုယ်စများ၊ လုပ်ငန်းစီမံခန့်ခွဲနိုင်မှုစွမ်းများ အစရှိသည့် လုပ်ငန်းစွမ်းဆောင်ရည် များကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအမှန်တကယ်လိုအပ်ပြီး လုပ်ငန်းခွင်အတွက်လည်း ထိရောက်အကျိုးရှိစေမည့် သင်တန်းများ ပို့ချပေးနိုင်ရန် ရှေ့ပြေးအစီအစဉ်အနေဖြင့် “MSME လုပ်ငန်းများအတွက် စီးပွားရေးဖွံ့ဖြိုးမှုအခြေခံ” ကို ကိုးကား အခြေခံ၍ ယခု MSME အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စီးပွားရေးဖွံ့ဖြိုးမှု စွမ်းဆောင်ရည်ဆိုင်ရာ လိုအပ်ချက်ကို ဆန်းစစ်လိုခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံမှ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံထားပြီး စီးပွားရေးလုပ်ငန်း များအတွက် အောင်မြင်ရေး လမ်းညွှန်အဖြစ် ပြသထားသည့် MSME လုပ်ငန်းများအတွက် လက်တွေ့အသုံးချနိုင်မှုကို အခြေခံ၍ အရာထမ်းများမှ ဦးဆောင် ဆွေးနွေးကြမည်ဖြစ် ကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်းများမှလည်း အပြန်အလှန်ဆွေးနွေး၍ စက်မှုဝန်ကြီးဌာနရှိ စီးပွားရေးဆိုင်ရာအဖွဲ့ အစည်းများ၏ ဝန်ထမ်းများအတွက် လိုအပ်ချက် ကိုလည်း ဖြည့်ဆည်းပေးကြစေလိုကြောင်း၊ ယနေ့ဆွေးနွေးမှု အကြောင်းအရာအပေါ် တက်ရောက်လာသူများမှ မည်မျှနားလည် သဘောပေါက်သည်ကို ဆန်းစစ်သည့်အနေဖြင့် ဆန်းစစ်ချက်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန အတွက် လုပ်ဆောင်ချက်များကို ထိထိရောက်ရောက်နှင့် ပြည့်ပြည့်ဝဝ စွမ်းဆောင်နိုင်ရန် အရေးကြီးသလို လုပ်ဆောင်ချက်အားလုံး သည်လည်း မှန်ကန်နေရန် လိုအပ်ကြောင်း၊ အကျိုး သက်ရောက်မှုနှင့်ထိရောက်မှု စွမ်းဆောင်ရည်နှစ်မျိုးလုံး ပြည့်စုံရန် အဓိကလိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မား စေရေးအတွက် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အသိပညာမျှဝေရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီးတွင် စဉ်ဆက်မပြတ်လေ့လာ သင်ယူရေးပုံစံဖြင့် သွားနေသည့်အချိန်၌ အခွင့်အရေးရရှိချိန် အားသွန်ခွန်စိုက် ကြိုးစား ကြစေလိုကြောင်း၊ မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းအပေါ်တွင် စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ဆောင်ကြစေလိုကြောင်း၊ “မျိုးမှန်ရင် ပင်သန်မည်” ဆိုသည့်စကားအတိုင်း စေတနာမှန်ရင် ကောင်းကျိုးချမ်းသာကို မလွဲဧကန်ရမည် ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ဆွေးနွေးပြောကြားမှုများအပေါ် စိတ်ဝင်တစားဖြင့် လေ့လာ မှတ်သားပြီး လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
    အစီအစဉ်အရ လက်ထောက်မန်နေဂျာ ဒေါ်ဆွေယုလှိုင်မှ “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်ရေးအကြောင်းတရားများ၊ MSME ဈေးကွက်နှင့် ပြင်ပဝန်းကျင်/ ပြင်ပအခြေအနေ” များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်မှ “လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းနှင့် MSME လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲခြင်း” နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာစိုးမင်းခိုင်မှ “လုပ်ငန်း စီမံကိန်းအား အသေးစိတ်ရေးဆွဲရာတွင် လုပ်ဆောင်ရမည့်နည်းလမ်းများ” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးရန်မျိုးအောင်မှ “စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်ရေးလမ်းညွှန်” နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးရှုထောင့်မှလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အရာထမ်းများမှ မရှင်းလင်းသည့် အချက်များနှင့် သိရှိလိုသည်များကို မေးမြန်းရာဆွေးနွေးသည့်အရာထမ်းများမှ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)