မြန်မာမိန်းကလေးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

မြန်မာမိန်းကလေးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


Ministry of Information/ Naypyitaw / March 13, 2024
image_latest


နေပြည်တော် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ အောင်မြတ်သူ (ခ)အောင်အောင် (ခ) ကတုံး၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ဒေါ်သန်းသန်းအေးနှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ ဒေါ်မအေးတို့က ငပုတောမြို့နယ်နေ မ ---၊ ၁၆/၂၀၂၃ နှစ်၊ နေပြည်တော်နေ မ ---၊ ၁၉/၂၀၂၃ နှစ် နှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ မ--- ၊ ၂၀/၂၀၂၃ နှစ်တို့ကို ကျိုင်းတုံမြို့တွင် အလုပ်ရရှိမည်၊ မြန်မာ ငွေကျပ်သိန်း ၃၀ ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်း (ပ) ၁၈၀/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ - ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၁ ရက်တွင် တရားခံ အောင်မြတ်သူ (ခ) အောင်အောင် (ခ) ကတုံး၊ သန်းသန်းအေးနှင့် မအေးတို့ သုံးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရလည်းကောင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်