မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / June 25, 2024
image_latest


နေပြည်တော် ဇွန် ၂၄

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိ မြို့နယ်အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် မြို့နယ်အလိုက် အခြေခံပညာအထက်တန်းကျောင်းများ၌ စာစီစာကုံးပြိုင်ပွဲများကျင်းပခဲ့ပြီး ယင်းမြို့နယ်အလိုက်ပြိုင်ပွဲများမှ အမှတ်အများဆုံးရရှိခဲ့ကြသော အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၈၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို “တိုင်းပြည်အင်အား အမျိုးသမီးစွမ်းပကား ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပြီး ပြိုင်ပွဲမှပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူ များကို ဇူလိုင် ၃ ရက်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

HOT NEWS
January 4,