မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြို စျေးရောင်းပွဲတော်ကျင်းပမည်

မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြို စျေးရောင်းပွဲတော်ကျင်းပမည်


Ministry of Information/ Naypyitaw / March 17, 2024
image_latest


ရန်ကုန် မတ် ၁၆

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(UMBEEA)က ကြီးမှူးကျင်းပမည့် ဒုတိယအကြိမ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန် အကြို စျေးရောင်းပွဲတော်ကို မတ် ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ မင်္ဂလာ‌တောင်ညွန့်မြို့နယ် ကန်သာယာ Shopping Mall ၌ ကျင်းပ ပြုလုပ်မည်ဖြစ်‌ကြောင်း ယ‌နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ UMFCCI ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (UMBEEA) က ဦးစီးကျင်းပတဲ့ဈေးရောင်းပွဲတော်မှာ တိုင်းရင်းသားတွေရဲ့ ရိုးရာလက်မှုလုပ်ငန်းတွေမှ ထုတ်ကုန်များ၊ လက်မှုအနုပညာလုပ်ငန်းများ၊ ရိုးရာစားသောက်ကုန်များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေရဲ့ ထုတ်ကုန်‌တွေကို ဈေးကွက်မြှင့်တင်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ် ဟု အသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝက ပြောသည်။

အခမ်းအနားသို့ UMBEEA နှင့် MoU ရေးထိုးထားသော မိတ်ဖက် လုပ်ငန်းရှင်များ၊ SME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် သတင်းမီဒီယာများ တက်ရောက်ကြသည်။ ယင်း‌ဈေးရောင်းပွဲတော်ကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ‌ ရောင်းချသွားမည်ဖြစ်‌ကြောင်း သိရသည်။                                    

အာကာလင်း

HOT NEWS
January 4,