မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ကိစ္စရပ်များနှင့် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲကျင်းပ

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ကိစ္စရပ်များနှင့် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / June 05, 2020
image_latest


ရန်ကုန်  ဇွန်  ၅ 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် မြန်မာရုပ်ရှင် နှစ်(၁၀၀)ပြည့်ကိစ္စရပ်များ၊ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယက ဦးကြည်စိုးထွန်း၊ ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေး၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဇော်မင်းနှင့် အဖွဲ့ဝင် များက ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်တို့က မြန်မာ့ရုပ်ရှင်လုပ်ငန်း နှစ်(၁၀၀)ပြည့်အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ရှေ့လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)

HOT NEWS
January 4,