မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)က ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်းများနှင့် ခြင်ထောင်များ လာရောက်လှူဒါန်း
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)က ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်းများနှင့် ခြင်ထောင်များ လာရောက်လှူဒါန်း
Ministry of Information/ Naypyitaw / October 09, 2025

နေပြည်တော် အောက်တိုဘာ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Rescue Team က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)မှတစ်ဆင့် နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်းများနှင့် ခြင်ထောင်များကို ယနေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လာရောက်ပေးအပ် လှူဒါန်းသည်။
နံနက်ပိုင်းတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ နှင့် ခြင်ထောင်အလုံး ၄၀၀ တို့ကို နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့အတူ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာပစ္စည်း အစုံ ၁၀၀ ကို အဆိုပါဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့ပြင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌသည် ကျန်းမာရေးဝန်ကြီးဌာနရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ဆေးပေးခန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Rescue Team က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှတစ်ဆင့် ပေးပို့လှူဒါန်းသည့် အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ကျန်းမာရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်