မြဝတီမြို့မှ LP Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီး
မြဝတီမြို့မှ LP Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီး
Ministry of Information/ Naypyitaw / January 16, 2022

နေပြည်တော် ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့ မှ ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံး ပြုသည့် ရေနံဓာတ်ငွေ့ရည် (LP Gas) များသယ်ဆောင်လာသည့် မော်တော်ယာဉ် များအား ယနေ့မွန်းလွဲပိုင်းတွင် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက် ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဩရကုမ္ပဏီမှ Fuso အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်သည် ရေးမြို့သို့ လည်းကောင်း၊ ချစ်လင်းမြိုင်ကုမ္ပဏီမှ Fuso အမျိုးအစား ၁၀ ဘီးမော်တော်ယာဉ်သည် မော်လမြိုင်မြို့ သို့လည်းကောင်း ထင်းအစားထိုး လောင် စာဆီအဖြစ်အသုံးပြု သည့် ရေနံဓာတ်ငွေ့ရည် (LP Gas)များ သယ်ဆောင်၍ မြဝတီမြို့ မှ ထွက်ခွာလာစဉ် ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် မြဝတီ- ကော့ကရိတ် သွား အာရှလမ်းမကြီးအနီး အပြင်ကွင်း ကလေးကျေးရွာ၏ အနောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ ကြောင်းထိုသို့ ပစ်ခတ်၊ မီးရှို့မှုများကြောင့် ယာဉ်မောင်းများဖြစ်ကြသည့် ဦးမင်းမင်းတွင် မီးလောင် ဒဏ်ရာများဖြင့် လည်းကောင်းဦးခင်မောင်သန်းတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးခဲ့ပြီး မော်တော်ယာဉ် တစ်စီးမီးလောင်ပျက်စီးခဲ့ကာ ကျန်မော်တော်ယာဉ် တစ်စီးမှာ လက်နက်ငယ် ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ် သည့် လုံခြုံရေးလုပ်ငန်း များဆောင်ရွက်ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းနှင့် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။