မြိတ်မြို့တွင် မိုးစပါးစိုက်ဧက(၁၄၆၀) အတွက် မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ (၁)ဧကလျှင် (၂)သိန်းနှုန်းနှင့်ညီမျှသော မတည်ငွေ(သွင်းအားစု/မျိုးစပါး) ပေးအပ်

မြိတ်မြို့တွင် မိုးစပါးစိုက်ဧက(၁၄၆၀) အတွက် မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ (၁)ဧကလျှင် (၂)သိန်းနှုန်းနှင့်ညီမျှသော မတည်ငွေ(သွင်းအားစု/မျိုးစပါး) ပေးအပ်


Ministry of Cooperatives and Rural Development/ Naypyitaw / September 05, 2023
image_latest


မြိတ်၊ စက်တင်ဘာ ၅

          တနင်္သာရီတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများအား မိုးစပါးစိုက်ဧက(၁၄၆၀)အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ (၁)ဧကလျှင်(၂)သိန်းနှုန်းနှင့် ညီမျှ သောမတည်ငွေ(သွင်းအားစု/မျိုးစပါး)ကို စက်တင်ဘာ(၄)ရက်နေ့လယ်ပိုင်းက မြို့နယ်သမဝါယမ အသင်းစုရုံးတွင် ပေးအပ်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်စေရန်နှင့် (၁)ဧကအထွက်နှုန်းတိုးစေရန် အတွက် သမဝါယမဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက(၁၄၆၀)အတွက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ ကျပ်(၂၉၂) သန်းနှင့် ညီမျှသောမျိုးစပါး၊ သွင်းအားစုများကို မြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ ပေးအပ်ခြင်းဖြစ်သည်။

          ထိုသို့ပေးအပ်ရာတွင် မြို့နယ်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသောင်းအေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)ဖြင့် တောင်သူများအတွက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ပြောကြား၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက အသင်းသားတောင်သူများအား ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့မှုရရှိသော မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၁၁)သင်းမှ အသင်းသားတောင်သူ(၂၇၅)ဦး၏ စိုက်ဧက (၁၄၆၀)အတွက် မိုးစပါး စိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ ကျပ်(၂၉၂)သန်းနှင့် ညီမျှသောမျိုးစပါး၊ သွင်းအားစုများကို ခရိုင်/မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ အသင်းသားတောင်သူများ ကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ လယ်ဧက(၃၀၀၀)ဧကအတွက် မြို့နယ်သမဝါယမဦးစီး ဌာနမှ စိုက်ဧက (၃၀၀၀)လျာထားဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၁၄၆၀)ဧက အတွက် သွင်းအားစုများကို ယနေ့တွင် မတည်ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိသော(၁၅၄၀)ဧကအတွက် ဆက်လက် ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်သတင်းဌာနခွဲ

HOT NEWS
January 4,