မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးရှိ ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးရှိ ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်


Ministry of Information/ Naypyitaw / November 20, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာဟောင်းအနီးတွင် ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နိုဝင်ဘာ ၁၈ ရက်က ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့က တုံးဗျောကျေးရွာဟောင်းအနီးသို့ PDF အမည်ခံအကြမ်းဖက်သမားများ စုဖွဲ့ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ခရီးသွားဆိုင်ကယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်မှာ သတင်းအမှားသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံသတင်းများဖြင့် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,