မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီက အင်းစိန်မြို့နယ် ကြို့ကုန်း(အရှေ့)ရပ်ကွက်၌ သန်းထွန်း(ခ)ဦးထွန်း မောင်းနှင်ပြီး မနန်းဆိုင်ဆာ(ခ)အေးယိမ်း လိုက်ပါလာသည့် TOYOTA Vitz အမျိုးအစားယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကိုလည်းကောင်း၊ အလားတူ မွန်းလွဲ ၂ နာရီတွင် ရွှေပြည်သာမြို့နယ် (၂၀)ရပ်ကွက် မြောင်းမြလမ်းရှိ မနန်းဆိုင်ဆာ(ခ)အေးယိမ်း၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၅ သိန်းကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၃ ရက် ည ၇ နာရီတွင် တောင်ကြီး မြို့နယ်အေးသာယာမြို့ နယ်မြေ(၈-က) ရပ်ကွက်(၈)ရှိ မျိုးမင်းသူ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,