မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / August 14, 2025
image_latest


နေပြည်တော် ဩဂုတ် ၁၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီခွဲတွင်သတင်းအရ မှော်ဘီမြို့နယ် ကြက်ဖြူကန်ကျေးရွာ ကြက်ဖြူကန်ကားမှတ်တိုင်အနီးတွင် အောင်ပြည့်ဖြိုးကျော်(ခ)အောင်အောင်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင် ငွေကျပ်၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၀) ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၁၂ နာရီတွင် သတင်းအရ မြိတ်မြို့ ရေပုန်းရပ်ကွက် အထက်ရေပုန်းရပ် စပါးရွှေဝါလမ်းမပေါ်တွင် ထက်လှိုင်မြင့်(ခ)ကိုထက် မောင်းနှင်လာသောဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၅၀ (တစ်ပြားလျှင်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၉၈ ဒသမ ၅ သိန်း) ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၂ ရက် ညနေ ၆ နာရီခွဲတွင် သတင်းအရ ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက် အုန်းတောလမ်းရှိ တင်တင်ဝင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၅၅ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ပေါ်ပေါက်ချက်အရ ည ၇နာရီခွဲတွင် ပုသိမ်မြို့အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများကို ရောင်းချရန်ဝယ်ယူထားရှိသူ ကျော်သီဟ(ခ)စိန်ကြီးအား ထပ်မံဖမ်းဆီးရမိသဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်

HOT NEWS
January 4,