မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှုမဖြစ်စေရေး အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှုမဖြစ်စေရေး အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / June 16, 2022
သရက်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်အုတ်နံရံ များ၌ အကြမ်းဖက်သမားများက ဆန့်ကျင်ခြိမ်းခြောက်စာများရေးသားထားသည်ကို တွေ့ရစဉ်။


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်အုတ်နံရံများ၌ အကြမ်းဖက်သမားများက ဆန့်ကျင်ခြိမ်းခြောက်စာများရေးသားထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ တေဇအဆောင်(၆)ခန်းတွဲ အရှေ့ဘက် အုတ်နံရံ၌ “CDM မလုပ်တဲ့ ဆရာ/ဆရာမများ အသေဆိုးနဲ့ သေပါစေ၊ Grade-7 “ရွှေသွေး” အဆောင် အတွင်းအုတ်နံရံ၌ “စစ်ကျွန်ပညာရေး အားမပေး”၊ Grade-10 “အောင်ရတနာ”အဆောင် (၃)ခန်းတွဲ အတွင်းအုတ်နံရံ၌ “ကျောင်းတက်နေတဲ့ ကျောင်းသားတွေ သေတဲ့သူတွေ အားနာပါဦး” ဟူသော ဆန့်ကျင်ခြိမ်းခြောက်စာများအား အနက်ရောင်၊ အနီရောင်မှုတ်ဆေးများဖြင့် ရေးသားထားသည်ကို တွေ့ရှိခဲ့ ရသဖြင့် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,