မြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်


Ministry of Cooperatives and Rural Development/ Naypyitaw / April 11, 2024
image_latest


မင်းတုန်း       ဧပြီ        ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မင်းတုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်ကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူက မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ သုံးသပ်ဆွေးနွေးရမည့် အချက်များနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းအကောင်အ ထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်များက ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စီမံကိန်းလည်ပတ်မှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်သော ကျေးရွာ ၂၉ ရွာမှ ကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

HOT NEWS
January 4,