မြေငလျင်သတင်း

မြေငလျင်သတင်း


Ministry of Transport and Communications/ Naypyitaw / September 24, 2022
image_latest


(မြန်မာစံတော်ချိန် ၀၃း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၂၃)မိနစ်၊ (၀၀)စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၈၉၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Northern Sumatra, Indonesia)၊ မြောက်လတ္တီတွဒ် (၃.၈၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆) ဒီဂရီ၊ အနက် (၆၆)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။