မြေငလျင်သတင်း
မြေငလျင်သတင်း
Ministry of Transport and Communications/ Naypyitaw / September 18, 2025

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၉း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၁၁)မိနစ်၊ (၅၇) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၃၂၆) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ(Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၂.၁၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၀)ဒီဂရီ၊ အနက်(၂၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
