မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၂၈) ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၂၈) ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ


Ministry of Information/ Naypyitaw / February 09, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၈

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၂၈) ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အရန်စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲထိုး ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိသောအသင်းများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်