မြောင်းမြမြို့၌ (၁၀၂) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကိုဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအား ပံ့ပိုးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့် အသင်းသားထောက်ပံ့ခြင်းအခမ်းအနားကျင်းပ

Ministry of Cooperatives and Rural Development/ Naypyitaw / July 05, 2024
မြောင်းမြ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် (၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့ကိုဂုဏ်ပြုသောအားဖြင့် မြမျိုးသန့်မျိုးစေ့ထုတ်သမဝါယမအသင်းအား စိုက်ပျိုးစရိတ်ထုတ်ပေး ခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့် အသင်းသားထောက်ပံ့ခြင်းအခမ်းအနားကို ဇူလိုင် ၂ ရက်က သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာညွှန့်က အဖွင့်အမှာစကား ပြောကြားခြင်းပြီးနောက် ကျေးရွာ(၈)ရွာရှိ အသင်းသား (၃၃) ဦးအား မျိုးသန့်မိုးစပါးစိုက်ဧက(၁၆၉) ဧကအတွက် တစ်ဧကလျှင်(၃)သိန်းနှုန်းဖြင့် ငွေကျပ်(၅၀၇)သိန်းကိုထုတ်ပေးခြင်း၊ စုဆောင်းငွေပေါ် အတိုး (၁၅၀၃၀၀၀) ကျပ်ပေးပြီး အသင်းသားထောက်ပံ့ငွေ(၁၆၉၉၀၀၀)ကျပ်ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အသင်းသားများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဝေဝေမြင့်(မြောင်းမြ)