မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူများအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / August 23, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်နှင့် ၂၁ ရက်က မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၀ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာမြိုင် ရပ်ကွက်နေ ရန်ပိုင်စိုး(၂၀)နှစ်အား လည်းကောင်း။
အလားတူ ဩဂုတ် ၂၁ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ သန်းဝင်း(၅၀)နှစ်အား လည်းကောင်း၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် ဇီးပြောင်းကျေးရွာနေ တိုးဝင်းနိုင်(ခ)ဖိုးခွန်း(၃၈)နှစ်နှင့် ကော့ဘိန်းကျေးရွာနေ သက်ပိုင်ထွေး (၃၂)နှစ်အား လည်းကောင်း၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူများဖြစ်သည့် သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာနေ မင်းမင်းစိုး(၄၉)နှစ်၊ နောင်ဘိုကျေးရွာနေ မျိုးအောင်(၃၄)နှစ်နှင့် ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနေ ကျော်စိုးလင်း(၄၃)နှစ်တို့အား လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဝါခရုကျေးရွာနေ နေဇော်(၃၅)နှစ်အား လည်းကောင်း၊ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်နေ မင်းခန့်နိုင်(၁၈)နှစ်အား လည်းကောင်း၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်နေ စိုးနေမင်းထွန်း(၃၇) နှစ်အား လည်းကောင်း။
ထို့အတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နေ သူများဖြစ်သည့် ရာဇာအောင်(ခ)ဖိုးနီ(၄၅)နှစ်နှင့် သန်းမြင့်ဦး(၄၃)နှစ်တို့ နှစ်ဦးအား လည်းကောင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
