မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Naypyitaw / August 07, 2025


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဩဂုတ် ၆ ရက်တွင် ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာနေ ရာဇာအောင်(၃၆)နှစ်၊ သထုံ မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သထုံမြို့နယ်၊ အလံတရာကျေးရွာနေ ခွန်သန်းထွန်း(၃၆)နှစ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်နေ အောင်ဆန်းနိုင်(၄၂)နှစ်နှင့် မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်နေ ဒေါ်အေးမျိုးရွှေ(၃၇)နှစ်တို့အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။