မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်း သူများအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်း သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / August 13, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၁ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ထွန်းမင်းဦး(၃၂)နှစ်နှင့် ဘီးလင်းမြို့နယ်၊ ကံသာယာရပ်ကွက်နေ မင်းနောင်(၄၆)နှစ်တို့အားလည်းကောင်း၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနေ အေးချမ်းအောင်(ခ)ငချမ်း(၂၂)နှစ်၊ နောင်ဘိုကျေးရွာနေ မင်းဇော်ထိုက်(၃၇)နှစ်၊ နန်းခဲရပ်ကွက်နေ ဝင်းလွင်(၃၇)နှစ်နှင့် လိပ်အင်းရပ်ကွက်နေ ဟန်စိန်(၆၃)နှစ်အားလည်းကောင်း။
အလားတူ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာနေ ညီညီအောင်(၂၃)နှစ်နှင့် အလှပ်ကျေးရွာနေ ကျော်မျိုးလွင်(၄၁)နှစ်၊ ထန်းပင်ချောင်ကြီးကျေးရွာနေ လှမင်းသန်း(၁၉)နှစ်တို့အားလည်းကောင်း၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ ရေကျော်ကျေးရွာနေ မြအေး (ခ)ဖိုးမြ(၂၇)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ထွန်းမင်းဦးပါ ၁၀ ဦးအား သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
