မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Naypyitaw / August 15, 2025


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃ ရက်နှင့် ၁၄ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဩဂုတ် ၁၃ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ နောင်ဘိုကျေးရွာနေ သိန်းလင်း(၄၃)နှစ်အားလည်းကောင်း၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ ဘောကထကျေးရွာနေ ရဲဇော်(ခ)ကိုရဲ(၃၅)နှစ်အားလည်းကောင်း၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့နယ်၊ မုရောင်းကျေးရွာနေ သော်တာလင်း(၂၅)နှစ်၊ သာယာအေးရပ်ကွက်နေ မြင့်စိုး(၃၄)နှစ်နှင့် လှိုင်ရပ်ကွက်နေ အောင်ဖြိုး(ခ)သားငယ်(၁၉)နှစ်တို့အားလည်းကောင်း။ 

     အလားတူ ဩဂုတ် ၁၄ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် ဘီးလင်းမြို့နယ်၊ ကျောက်တလုံးကျေးရွာနေ သူရအောင်(၃၂)နှစ်၊ ရွှေလှေကျေးရွာနေ စံမြင့်(၄၇)နှစ်နှင့် သိမ်ချောင်းကျေးရွာနေ မင်းမင်းထွေး(၂၅)နှစ်တို့အားလည်းကောင်း၊ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာနေ ဝေလွင်ဦး(၂၁)နှစ်အားလည်းကောင်း၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် သထုံမြို့နယ်၊ သရက်တောကျေးရွာနေ တူးနိုင်(၄၉)နှစ်နှင့် သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်နေ လှကို(၆၂)နှစ်တို့အားလည်းကောင်း။

     ထို့အတူ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်နေ စိုးလင်းကို(၃၅)နှစ်အားလည်းကောင်း၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်နေ မျိုးလတ်(၃၀)နှစ်အားလည်းကောင်း၊ ချောင်းဆုံမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ချောင်းဆုံမြို့နယ်၊ ကွမ်လှာကျေးရွာနေ ဇော်မင်းထက်(ခ)ကာတွန်း(၂၃)နှစ်အားလည်းကောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သံဖြူဇရပ်မြို့နယ်၊ အောင်ကုသိုလ်ရပ်ကွက်နေ ကိုလွင်(၄၅)နှစ်အားလည်းကောင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် သိန်းလင်းပါ ၁၅ ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်ပ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။