မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / September 06, 2025


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက်တွင် သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သထုံမြို့နယ်၊ သိမ်ဆိပ်ရပ်ကွက်နေ အောင်ခန့်ဇော်(၂၆)နှစ်၊ မော်လမြိုင် မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်နေ ရာဂျား(ခ)စိုးနိုင်(၃၉)နှစ်နှင့် မောင်ငံရပ်ကွက်နေ စိုးမင်းဟန်(ခ)အိုမယ်(၁၉)နှစ် တို့အား လည်းကောင်း။

     အလားတူ စက်တင်ဘာ ၄ ရက်တွင် မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာနေ အောင်ဇင်ထက်(ခ)စတီးရာ(၂၀)နှစ်၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်နေ ဇင်ကိုကိုလွင်(၃၁)နှစ်၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနေ အောင်ပန်း(၆၂)နှစ်၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်နေ အောင်ထွန်းလင်း(၂၀)နှစ်အား လည်းကောင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီး ရမိခဲ့သဖြင့် အောင်ခန့်ဇော်ပါ ခုနစ်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။