မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းများ မြင့်တက်မှု မရှိစေရေးအတွက် ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းများ မြင့်တက်မှု မရှိစေရေးအတွက် ဆွေးနွေးပွဲပြုလုပ်

Ministry of Home Affairs/ နေပြည်တော် / March 10, 2026

     ၂၀၂၆ ခုနှစ်၊ မတ် ၉ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းများမြင့်တက်မှု မရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။