မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်မှ မီးရထားအား ဝင်ရောက်တိုက်မိမှု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်မှ မီးရထားအား ဝင်ရောက်တိုက်မိမှု


Ministry of Home Affairs/ နေပြည်တော် / May 01, 2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်မှ ရထားသံလမ်းအား ဖြတ်သန်းမောင်းနှင်စဉ် ရထားအား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်မှ ရထားသံလမ်းအား ဖြတ်သန်းမောင်းနှင်စဉ် ရထားအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မုပ္ပလင်ဘူတာအနီး ရန်ကုန်-မော်လမြိုင်မီးရထားလမ်း မိုင်တိုင်အမှတ်(၈၄/၈-၉) အကြား၌ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ဝင်းကို(၅၅)နှစ်သည် BGO-13/ 1K-XXXX FORLAND အဖြူရောင်မော်တော်ယာဉ်ဖြင့် ရထားသံလမ်းအား ဖြတ်သန်းမောင်းနှင်စဉ် ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် စက်ခေါင်းအမှတ်(DF-2089) အမှတ်(၈၁)အဆန် လူစီးရထားအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဝင်းကိုအား သိမ်ဇရပ်နယ်မြေရဲစခန်း (ပ)၁၉/၂၀၂၅၊ ရထား ပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,